Saturday, November 15, 2014

စိတ်ဆိုသည်မှာ

စိတ်ဆိုသည်မှာ.......
လူတိုင်းမှာရှိကြတယ်။အလှည့်ကျဖြစ်ပေါ်နေကြတယ်။မကောင်းတဲ့စိတ်မှာလူတိုင်းလိုလို ပျော်မွေ့တတ်ကြတယ်
 ပျော်မွေ့ပါများတော့အကျင့်လိုဖြစ်သွားတယ်။အဲဒီတော့မကောင်းတဲ့စိတ်တွေ ၀င်လာရင်ကိုယ့်ကိုကိုသိပြီး
တော့သတိပေးဖို့လိုတယ်။

Friday, July 20, 2012

အာဇာနည်နေ့သမိုင်းကြောင်းအစုံ





အာဇာနည်နေ့သမိုင်းအကြောင်းအရာများကိုသိရှိစေရန်ရည်ရွယ်ချက်ဖြင့် တဆင့်ပြန်လည်ကူးယူဖေါ်ပြခြင်း
ဖြစ်ပါသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးမှာ တိုင်းပြည်ကျွန်ဘ၀က လုံးဝ လွတ်မြောက်ရေးနဲ့  စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး ထိုင်နေကြတဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရ ၀န်ကြီးတွေ လုပ်ကြံခံရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တယ်။
အဲဒီနေ့က ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။  မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ၀ိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊  တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။ 

Saturday, July 14, 2012

ကဗျာများဒေါင်းရန်

သူငယ်ချင်းတစ်ယောက်ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေဖြစ်ပါတယ်။ကိုယ်ပိုင်ခံစားချက်နဲ့ရေးဖွဲ့ထားတဲ့သူ့ကဗျာလေးတွေကိုခံစားပေးမယ့်ကဗျာချစ်သူများအတွက်တင်ပေးလိုက်ပါတယ်။လိုချင်ရင်တော့ အောက်ကလင့်မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်
ဒီမှာဒေါင်းပါ

Monday, July 9, 2012

ကောင်မလေး

ကောင်မလေးရယ်...
သတိရတိုင်းသာလှိုင်းထမယ်ဆိုရင်လေ
ငါ့ရင်ခွင်ကမ်းပါးတစ်ခုလုံးပြိုကျသွားနိုင်တယ်..
ဒို့နှစ်ယောက်ရဲ့ နေရာလေးကို တစ်ခါပြန်ရောက်ခဲ့တယ်...
ဘေးနားမှာ မင်းမရှိတော့....
ဟိုးအဝေးမှာ ပျံနေတဲ့ငှက်ကလေးတွေကလည်း....
ဒို့ကိုလှောင်နေသလားထင်ရတယ်...
ဘေးနားကိုမျှော်လင့်တကြီးကြည့်မိတော့...
မင်းမရှိတာသေချာခဲ့ပြီလေ...

Sunday, July 8, 2012

Diseny Kids For Coloring

ကလေးများ ဆေးရောင်ခြယ်ရန်အတွက် အသုံးပြုနိုင်ပါသည် 
Download

LinkWithin

Related Posts Plugin for WordPress, Blogger...